ရှင်ယောဟန်ခရစ်ဝင် 2:11
သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 2
Cross References
Exodus 7:19တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
Psalms 72:19ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
Ecclesiastes 9:7သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
John 1:17ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
John 2:23ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-