ရှင်ယောဟန်ခရစ်ဝင် 20:15
သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 20
Cross References
Song of Solomon 3:2မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။
Matthew 12:34အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
Mark 16:6ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-
John 1:38သခင်ယေရှုသည်နောက်သို့လှည့်၍ကြည့်တော် မူရာ ထိုသူတို့လိုက်လာသည်ကိုမြင်တော်မူ လျှင် ``သင်တို့အဘယ်အရာကိုအလိုရှိကြ သနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``ရဗ္ဗိ၊ ကိုယ်တော်သည်အဘယ်မှာ နေတော်မူပါသနည်း'' ဟုမေးလျှောက်ကြ၏။ (ရဗ္ဗိ၏အနက်ကားအရှင်ဘုရားဟုဆိုလို၏)
John 18:7သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။