ရှင်ယောဟန်ခရစ်ဝင် 20:17
သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 20
Cross References
2 Kings 4:29ဧလိရှဲသည်ဂေဟာဇိ၏ဘက်သို့လှည့်၍``ငါ ၏တောင်ဝှေးကိုယူ၍အလျင်အမြန်သွားလော့။ လမ်းတွင်မည်သူ့ကိုမျှနှုတ်မဆက်နှင့်။ သင့်အား နှုတ်ဆက်သူရှိလျှင်လည်းပြန်၍ဖြေမနေနှင့်။ အိမ်သို့အရောက်သွား၍သူငယ်၏အပေါ်တွင် ငါ၏တောင်ဝှေးကိုတင်ထားလော့'' ဟုစေခိုင်း လေသည်။
Psalms 22:22ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
Psalms 89:26သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။
Jeremiah 31:33သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-
Ezekiel 36:28ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-