ရှင်ယောဟန်ခရစ်ဝင် 21:16
တစ်ဖန်ကိုယ်တော်က ``ယောဟန်၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ပေတရုက ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟုမိန့် တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 21
Cross References
Psalms 95:7ကိုယ်တော်သည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော် စောင့်ရှောက်တော်မူသောသူများ၊ကိုယ်တော် ကျွေးမွေးတော်မူသောသိုးစုဖြစ်ကြ၏။ ကိုယ်တော်မိန့်တော်မူသောစကားကို ယနေ့နားထောင်ကြလော့။
Zechariah 13:7အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
Matthew 25:32ထိုအခါလူမျိုးအပေါင်းတို့သည်ရှေ့တော်တွင် စုရုံးရကြလိမ့်မည်။ သိုးထိန်းသည်သိုးနှင့်ဆိတ် တို့ကိုတခြားစီခွဲထုတ်သကဲ့သို့လူသားသည် လည်းလူတို့အားနှစ်စုခွဲထုတ်တော်မူပြီးလျှင်၊-
Luke 15:3ထိုအခါကိုယ်တော်သည်ပုံဥပမာဆောင်၍၊
John 10:11``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
John 18:17တံခါးစောင့်သူငယ်မက ``သင်သည်ထိုသူ၏ တပည့်တစ်ဦးမဟုတ်ပါလော'' ဟုမေးလျှင်၊ ပေတရုက ``ငါမဟုတ်'' ဟုဆို၏။