ရှင်ယောဟန်ခရစ်ဝင် 3:21
သို့ရာတွင်သစ္စာတရားကိုကျင့်သောသူများ ကား မိမိပြုလေသမျှသောအရာတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ် ကြောင်းကို သိသာထင်ရှားစေရန်အလင်း သို့ချဉ်းကပ်လာတတ်သည်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 3
Cross References
Psalms 119:80ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို တစ်သဝေမတိမ်းလိုက်လှောက်သဖြင့် အရေးရှုံးနိမ့်၍အရှက်ကွဲမှုနှင့် ကင်းလွတ်ပါစေသော။
Psalms 139:23အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
Isaiah 26:12အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည် ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
John 1:47နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
John 15:4ငါနှင့်တစ်လုံးတစ်ဝတည်းတည်နေကြလော့။ ငါသည်လည်းသင်တို့နှင့်တစ်လုံးတစ်ဝတည်း တည်နေမည်။ စပျစ်ကိုင်းသည်အပင်၌တည် မနေလျှင်အသီးမသီးနိုင်သကဲ့သို့ သင် တို့သည်ငါ၌တည်မနေလျှင်အသီး မသီးနိုင်ကြ။''
1 Corinthians 15:10သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-