ရှင်ယောဟန်ခရစ်ဝင် 4:24
ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ သဖြင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူတို့ သည်လည်းကိုယ်တော်အမှန်စင်စစ်ဖြစ်တော်မူ သည့်အတိုင်း ကိုယ်တော်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ကြ မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
God is a Spirit: and they that worship him must worship him in spirit and in truth.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
Psalms 50:13ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။
Psalms 51:17အို ဘုရားသခင်၊ ကျွန်တော်မျိုးပူဇော်သောယဇ်သည်နှိမ့်ချသော စိတ်နှလုံးပင်ဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်နှိမ့်ချ၍နောင်တရသော စိတ်နှလုံးကိုပစ်ပယ်တော်မူမည်မဟုတ်ပါ။
Isaiah 57:15``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
2 Corinthians 1:12ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
Philippians 3:3အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-