ရှင်ယောဟန်ခရစ်ဝင် 4:23
ဝတ်ပြုကိုးကွယ်သူတို့သည်ခမည်းတော်အား အမှန်စင်စစ်ဖြစ်တော်မူသည့်အတိုင်း ဝိညာဉ် တော်တန်ခိုးအားဖြင့်မှန်ကန်စွာဝတ်ပြုကိုး ကွယ်ရမည့်အချိန်ရောက်လာလိမ့်မည်။ ယခု ပင်ရောက်လျက်ရှိ၏။ ထိုသို့ဝတ်ပြုကိုးကွယ် သူတို့ကိုခမည်းတော်နှစ်သက်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
Joshua 24:14ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
1 Chronicles 29:17ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
Psalms 32:2မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
Psalms 147:11သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
Song of Solomon 2:14စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။
Isaiah 10:20အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-