ရှင်ယောဟန်ခရစ်ဝင် 4:3
ယင်းသို့ဖာရိရှဲတို့ကြားသိကြကြောင်းကို သခင်ယေရှုသိတော်မူလျှင် ယုဒပြည်မှ ထွက်ခွာတော်မူ၍ဂါလိလဲပြည်သို့ကြွ တော်မူ၏။-
Common Language Bible
In The King James Version
He left Judaea, and departed again into Galilee.
In Context
4လမ်းတွင်ရှမာရိပြည်ကိုဖြတ်၍သွားရ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
Mark 3:7သခင်ယေရှုသည်တပည့်တော်များနှင့်အတူ ဂါလိ လဲအိုင်သို့ကြွတော်မူ၏။ ထိုအခါဂါလိလဲပြည် မှလည်းကောင်း၊ ယေရုရှလင်မြို့နှင့်တကွယုဒ ပြည်၊ ဣဒုမဲပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်း မှလည်းကောင်း၊ တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင် အရပ်များမှလည်းကောင်းများစွာသောလူတို့ သည် ကိုယ်တော်ပြုတော်မူသည့်အမှုအရာများ အကြောင်းကိုကြားသိကြသဖြင့်ကိုယ်တော် နောက်သို့လိုက်ကြကုန်၏။-
John 2:11သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။
John 3:32ထိုအရှင်သည်မိမိမြင်ခဲ့ကြားခဲ့ရသော အရာများအကြောင်းကိုဟောပြောတော်မူ သော်လည်း ကိုယ်တော်၏ဟောပြောချက်ကို အဘယ်သူမျှလက်မခံကြ။-
John 11:54သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။