ရှင်ယောဟန်ခရစ်ဝင် 5:14
ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Leviticus 13:20ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီးနောက် အနာတွင်းနက်လျက် အနာပေါ်ရှိအမွေးများ ဖြူလာကြောင်းတွေ့ရှိရလျှင် ထိုသူအားမသန့် ရှင်းဟုဆုံးဖြတ်ရမည်။ ထိုအနာသည်အနာ စိမ်းနေရာမှဖြစ်ပေါ်လာသောဆိုးရွားသည့် ကိုယ်ရေပြားရောဂါဖြစ်သည်။-
Leviticus 26:27``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ့စကား ကိုနားမထောင်ဘဲနေသေးလျှင်၊-
Ezra 9:13အကျွန်ုပ်တို့သည်မိမိတို့အပြစ်ဒုစရိုက် များအတွက် ဤမျှအပြစ်ဒဏ်ခံကြရပြီး သော်လည်း၊ အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားခံထိုက်သည် ထက်ပင်လျှော့၍အပြစ်ပေးတော်မူကာ အသက်မသေဘဲကျန်ရှိစေတော်မူပြီ။-
Psalms 9:13အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ အို ထာဝရဘုရား ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။
Psalms 27:6သို့ဖြစ်၍ငါသည်မိမိအားဝိုင်းရံထားသည့် ရန်သူများကိုအောင်မြင်ခွင့်ရလိမ့်မည်။ ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် လျက် ဗိမာန်တော်တွင်ယဇ်ပူဇော်မည်။ သီချင်းဆိုမည်။ ထာဝရဘုရားအား ထောမနာပြုမည်။
Psalms 107:20ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။