Psalms 107:20
ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
Common Language Bible
In The King James Version
He sent his word, and healed them, and delivered them from their destructions.
In Context
Cross References
Numbers 21:8ထိုအခါထာဝရဘုရားကမောရှေအား သတ္တု မြွေရုပ်ကိုပြုလုပ်၍တိုင်ထိပ်တွင်တင်ထားရန် ခိုင်းစေတော်မူ၏။ မြွေကိုက်ခံရသောသူသည် မြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်းဆင့်ဆိုစေတော်မူ၏။-
2 Kings 20:5``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
Job 33:24ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
Psalms 30:2ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကယ်မတော်မူရန်ကိုယ်တော်ရှင်၏ထံတော်သို့ ကျွန်တော်မျိုးအော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ ဝေဒနာကိုငြိမ်းစေတော်မူပါ၏။
Psalms 30:4ကိုယ်တော်အားသစ္စာစောင့်သူတို့၊ထာဝရ ဘုရားအား ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ပြု တော်မူသော အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
Psalms 56:13အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။