ရှင်ယောဟန်ခရစ်ဝင် 5:18
ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Zechariah 13:7အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
John 5:16ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
John 7:1ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။-
John 7:22မောရှေကသင်တို့၏ကလေးသူငယ်များအား အရေဖျားလှီးမင်္ဂလာပေးရန်ပညတ်ခဲ့၏။ သို့ ဖြစ်၍သင်တို့သည်ဥပုသ်နေ့၌ပင်လျှင် အရေ ဖျားလှီးမင်္ဂလာကိုပြုကြ၏။ (အမှန်စင်စစ် အရေဖျားလှီးမင်္ဂလာကိုစတင်စီရင်ခဲ့သူ မှာ မောရှေမဟုတ်ဘဲသင်တို့ဘိုးဘေးများ ဖြစ်ပေသည်။)-
John 8:58သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
John 10:33သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။