ရှင်ယောဟန်ခရစ်ဝင် 5:35
ယောဟန်သည်အလျှံထ၍ထွန်းလင်းနေသော ဆီမီးခွက်သဖွယ်ဖြစ်သဖြင့် သင်တို့သည်သူ ၏အလင်းရောင်တွင်ခဏမျှသာပျော်မွေ့လို ကြ၏။-
Common Language Bible
In The King James Version
He was a burning and a shining light: and ye were willing for a season to rejoice in his light.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Exodus 34:35ထိုအခါဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာတောက်ပနေသည်ကိုမြင်ကြ ၏။ ထို့ကြောင့်၊ သူသည်ထာဝရဘုရားနှင့် စကားပြောရန်တဲတော်ထဲသို့ဝင်သည့်အချိန် အထိသူ၏မျက်နှာကိုပဝါဖြင့်ဖုံးအုပ် ထားလေ့ရှိသည်။
Matthew 3:5ယေရုရှလင်မြို့သူမြို့သားတို့သည်လည်းကောင်း၊ ယုဒပြည်တစ်ပြည်လုံးနှင့်ယော်ဒန်မြစ်ဝှမ်းဒေသ မှလူအပေါင်းတို့သည်လည်းကောင်းယောဟန်ထံ သို့လာကြ၏။-
Matthew 11:11လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
Matthew 21:26သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။-
Luke 1:15သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
Luke 7:28အမျိုးသမီးများမှဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူတစ်ယောက်မျှမရှိ ဟုသင်တို့အားငါဆို၏။ သို့ရာတွင်ဘုရား သခင်၏အုပ်စိုးခြင်းကိုဝန်ခံသူတို့တွင် အသိမ်ငယ်ဆုံးသောသူသည်ယောဟန်ထက် ကြီးမြတ်၏'' ဟုမိန့်တော်မူ၏။