ရှင်ယောဟန်ခရစ်ဝင် 5:37
ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ် တိုင်ကလည်း ငါ့အကြောင်းကိုသက်သေခံတော် မူ၏။ သင်တို့သည်ခမည်းတော်၏အသံတော် ကိုအဘယ်အခါကမျှမကြားဘူးကြ။ သဏ္ဌာန်တော်ကိုလည်းမမြင်ဘူးကြ။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Deuteronomy 4:12သင်တို့သည်ထာဝရဘုရား၏ပုံသဏ္ဌာန် တော်ကိုမမြင်ရသော်လည်း မီးထဲမှကိုယ် တော်မိန့်တော်မူသံကိုကြားရကြကြောင်း ကိုလည်းကောင်း သားသမီးတို့အားပြော ပြလော့။-
Matthew 17:5ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
John 6:27ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
John 14:9သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
1 Timothy 1:17ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
1 John 1:1အသက်တော်တည်းဟူသောနှုတ်ကပတ်တော် အကြောင်းကိုငါတို့စာရေးလိုက်၏။ ထိုနှုတ် ကပတ်တော်သည်အစမူလကတည်းကပင် ရှိနေတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်ကို ငါတို့ကြားခဲ့ကြ၏။ ငါတို့ကိုယ်တိုင်မျက်စိ ဖြင့်မြင်ခဲ့ကြ၏။ ငါတို့လက်ဖြင့်စမ်းသပ် ကြည့်ရှုခဲ့ကြ၏။-