ရှင်ယောဟန်ခရစ်ဝင် 5:39
ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။-
Common Language Bible
In The King James Version
In Context
40သို့သော်လည်းသင်တို့သည်အသက်ရအံ့သော ငှာငါ့ထံသို့မလာလိုကြ။
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Deuteronomy 17:18ဘုရင်သည်နန်းတက်သောအခါလေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များထံတွင် ထားရှိသော ဘုရားသခင်၏ပညတ်တော်များနှင့်ဆုံးမ သွန်သင်ချက်များပါရှိသည့် ကျမ်းစာကို မိတ္တူရေးကူးပြီးလျှင်လက်ဝယ်၌ဆောင် ထားစေရမည်။-
Deuteronomy 18:18ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။-
Joshua 1:8ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
Psalms 16:11ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
Psalms 36:9ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။ ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
Psalms 119:97ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏တရား တော်ကို အလွန်နှစ်သက်မြတ်နိုးပါ၏။ ထိုတရားတော်အကြောင်းကိုကွန်တော်မျိုးသည် တစ်နေ့လုံးအောက်မေ့ဆင်ခြင်လက်နေပါ၏။