ရှင်ယောဟန်ခရစ်ဝင် 6:39
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလို တော်ကား ကိုယ်တော်ရှင်ပေးအပ်ထားတော်မူ သောသူအပေါင်းတို့သည် ဆုံးပါးပျက်စီး ခြင်းမှနောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက် ကြစေရန်ပင်ဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
1 Samuel 25:29အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
Luke 12:32``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။-
John 6:37ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။-
John 6:44ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။-
John 10:27ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
John 12:48ငါ့ကိုပစ်ပယ်၍ငါဟောပြောသောစကားကို မခံမယူသောသူကိုတရားစီရင်မည့်သူ ရှိ၏။ ငါဟောပြောသောစကားသည်ပင်လျှင် ထိုသူကိုနောက်ဆုံးသောနေ့၌ တရားသူ ကြီးအဖြစ်ဖြင့်တရားစီရင်လိမ့်မည်။-