ရှင်ယောဟန်ခရစ်ဝင် 7:12
လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Matthew 10:25ထို့ကြောင့်တပည့်သည်ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်းဖြစ်လျှင်ကျေ နပ်လောက်ပေပြီ။ အိမ်ထောင်ဦးစီးကိုဗေလဇေ ဗုလဟုခေါ်ဝေါ်ကြပါလျှင်အိမ်သူအိမ်သား တို့ကိုသာ၍ဆိုးရွားသောနာမည်များဖြင့်ခေါ် ဝေါ်ကြလိမ့်မည်။
Matthew 21:46ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
Luke 6:45ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
Luke 18:19သခင်ယေရှုက ``သင်သည်အဘယ်ကြောင့်ငါ့ ကိုကောင်းမြတ်သည်ဟုခေါ်သနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။-
Luke 23:50ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။-
John 7:25ယေရုရှလင်မြို့သားအချို့တို့က ``ဤသူကို အာဏာပိုင်ကသတ်ရန်ရှာကြံနေကြသည် မဟုတ်ပါလော။-