ရှင်မဿဲခရစ်ဝင် 21:46
ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Proverbs 9:7မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
Isaiah 29:1ထာဝရဘုရား၏ယဇ်ပလ္လင်တော်တည်းဟူ သောယေရုရှလင်မြို့ပင်လျှင်အမင်္ဂလာ ရှိ၏။ ဒါဝိဒ်တပ်စခန်းချရာမြို့သည်အ မင်္ဂလာရှိ၏။ ထိုမြို့တွင်တစ်နှစ်၊ နှစ်နှစ်မျှ ပွဲလမ်းသဘင်များကိုဆင်နွှဲလျက်နေ ကြစေဦးတော့။-
Matthew 21:26သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။-
Luke 7:39ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
John 7:40ပရိသတ်အထဲမှလူအများပင်ဤသို့ကိုယ်တော် ကြွေးကြော်တော်မူသည်ကိုကြားကြ၏။ သို့ဖြစ်၍ သူတို့က ``ဤသူသည်ဧကန်ပင်ပရောဖက်ဖြစ်၏'' ဟုဆိုကြ၏။