ရှင်ယောဟန်ခရစ်ဝင် 7:18
မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Numbers 11:29မောရှေက``ငါ၏အကျိုးကိုထောက်၍သင် ပြောနေသလော။ ထာဝရဘုရားသည်မိမိ ၏လူမျိုးတော်အားလုံးအပေါ်သို့ဝိညာဉ် တော်ကိုပေးအပ်သဖြင့် သူတို့သည်ပရော ဖက်များကဲ့သို့ကြွေးကြော်နိုင်ကြပါစေ သော'' ဟုပြန်ပြောလေ၏။-
Matthew 6:9သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
John 5:41``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-
John 8:54သခင်ယေရှုက ``ငါသည်မိမိကိုယ်ကိုချီး မြှောက်ပါမူငါ၏ဘုန်းအသရေသည်အချည်း နှီးပင်ဖြစ်၏။ ငါ့ကိုချီးမြှောက်သူကားငါ၏ ခမည်းတော်တည်း။ ထိုအရှင်ကိုသင်တို့၏ ဘုရားသခင်ဟုဆိုကြ၏။-
John 12:28အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။
John 17:4ဤလောကတွင်အကျွန်ုပ်သည်ကိုယ်တော်၏ ဘုန်းအသရေကိုထွန်းတောက်စေပါပြီ။ ကိုယ် တော်အကျွန်ုပ်အားပေးအပ်တော်မူသောအမှု တော်ကိုအပြီးတိုင်ဆောင်ရွက်ပြီးပါပြီ။-