တောလည်ရာကျမ်း 11:29
မောရှေက``ငါ၏အကျိုးကိုထောက်၍သင် ပြောနေသလော။ ထာဝရဘုရားသည်မိမိ ၏လူမျိုးတော်အားလုံးအပေါ်သို့ဝိညာဉ် တော်ကိုပေးအပ်သဖြင့် သူတို့သည်ပရော ဖက်များကဲ့သို့ကြွေးကြော်နိုင်ကြပါစေ သော'' ဟုပြန်ပြောလေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Joel 2:27အို ဣသရေလအမျိုးသားတို့ငါသည် သင်တို့အလယ်၌ ရှိနေတော်မူကြောင်းကိုလည်းကောင်း၊ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍၊ ငါမှတစ်ပါးအခြားဘုရားမရှိကြောင်းကို လည်းကောင်း၊ ထိုအခါသင်တို့သိရှိကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါမျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
Matthew 9:37ထို့ကြောင့်ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများ သော်လည်း ရိတ်သိမ်းသောလုပ်သားတို့ကားနည်း လှ၏။-
Acts 26:29ပေါလုက ``အချိန်တိုသည်ကြာသည်မှာ ပဋ္ဌာနမဟုတ်ပါ။ အရှင်မင်းကြီးနှင့်တကွ ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နားထောင် လျက်ရှိကြသောလူအပေါင်းတို့သည် ဤ အနှောင်အဖွဲ့ခံရမှုမှလွဲ၍အကျွန်ုပ်ကဲ့ သို့ပင်ဖြစ်လာကြစေရန် ဘုရားသခင် ထံတော်သို့အကျွန်ုပ်ဆုတောင်းပါ၏'' ဟု လျှောက်လေသည်။
1 Corinthians 3:21သို့ဖြစ်၍လူ၏စွမ်းရည်အကြောင်းကိုမည်သူ မျှမဝါကြွားစေနှင့်။ အမှန်စင်စစ်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုသင်တို့ပိုင်ကြ၏။-
1 Corinthians 14:5ငါသည်သင်တို့အားလုံးကိုပင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုစေလို သော်လည်း နှုတ်ကပတ်တရားတော်ဟောပြော နိုင်သောဆုကျေးဇူးကိုပို၍ရစေလို၏။ ထူး ဆန်းသောဘာသာစကားအမျိုးမျိုးဖြင့်ပြော ဆိုသူသည် မိမိစကား၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းလင်းဖော်ပြနိုင်သူရှိမှသာလျှင် အသင်း တော်၏အကျိုးကိုပြုစု၏။ သို့မဟုတ်ပါမူ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်း ကပို၍တန်ဖိုးရှိ၏။-
Philippians 2:3ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-