ရှင်ယောဟန်ခရစ်ဝင် 7:35
ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Psalms 67:1အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုသနားတော်မူ၍ ကောင်းချီးပေးတော်မူပါ။ ကရုဏာစိတ်နှင့်ကျွန်တော်မျိုးတို့အား ကြည့်တော်မူပါ။
Isaiah 11:10ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
Isaiah 27:12ထိုကာလ၌ထာဝရဘုရားကိုယ်တော်တိုင် ဥဖရတ်မြစ်မှအီဂျစ်ပြည်နယ်စပ်အထိ မိမိလူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ယူတော်မူ၍ဂျုံစပါးအကောင်းနှင့် အညံ့ ကိုစပါးနယ်လျက်ခွဲခြားသကဲ့သို့ခွဲ ခြားတော်မူမည်။
Zephaniah 3:10ပျံ့လွင့်နေသောငါ၏လူမျိုးတော်သည် ဝေးလံသောဆူဒန်ပြည်မှပင်လျှင်ငါ့ထံ သို့ပူဇော်သကာများကိုယူဆောင်လာ ကြလိမ့်မည်။-
John 12:20ပွဲတော်အတွင်းကိုးကွယ်ဝတ်ပြုရန်ယေရု ရှလင်မြို့သို့သွားကြသောလူတို့အထဲတွင် ဂရိအမျိုးသားအချို့ပါ၏။-