ရှင်ယောဟန်ခရစ်ဝင် 7:41
အချို့သောသူတို့က ``ဤသူသည်မေရှိယ ဖြစ်သည်ဟုဆိုကြ၏။'' သို့ရာတွင်အချို့က မေရှိယသည်ဂါလိလဲပြည်မှပေါ်ထွန်းပါ မည်လော။-
Common Language Bible
In The King James Version
Others said, This is the Christ. But some said, Shall Christ come out of Galilee?
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Matthew 16:14``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က ယေရမိသို့မဟုတ်အခြားပရောဖက်တစ်ပါး ပါးဖြစ်သည်ဟုပြောဆိုကြပါသည်'' ဟုလျှောက် ကြ၏။
John 1:46နာသနေလက ``နာဇရက်မြို့မှကောင်းသည့် အရာတစ်စုံတစ်ခုထွက်ပေါ်နိုင်ပါသလော'' ဟုပြန်၍မေး၏။ ဖိလိပ္ပုက ``လာ၍ကြည့်ပါ'' ဟုဆို၏။
John 4:25အမျိုးသမီးက ``မေရှိယအရှင်ကြွလာတော် မူမည်ကိုကျွန်မသိပါ၏။ ထိုအရှင်ကြွလာ တော်မူသောအခါ ကျွန်မတို့အားအမှုအရာ ခပ်သိမ်းကိုရှင်းလင်းဖော်ပြတော်မူပါလိမ့်မည်'' ဟုလျှောက်၏။
John 4:42ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။
John 7:31ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။