The Bible Software
bible.software › ရှင်ယောဟန်ခရစ်ဝင် › ရှင်ယောဟန်ခရစ်ဝင် 8 › ရှင်ယောဟန်ခရစ်ဝင် 8:12

ရှင်ယောဟန်ခရစ်ဝင် 8:12

တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

Then spake Jesus again unto them, saying, I am the light of the world: he that followeth me shall not walk in darkness, but shall have the light of life.

In Context

11ထို​အ​ခါ​အ​မျိုး​သ​မီး​က ``အ​ရှင်၊ တစ်​ယောက် မျှ​မ​ရှိ​တော့​ပါ'' ဟု​ပြန်​လည်​၍​လျှောက်​ထား ၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​လည်း​သင့်​အား​အ​ပြစ် ဒဏ်​မ​စီ​ရင်​ပြီ။ သွား​လော့။ နောက်​တစ်​ဖန်​အ​ပြစ် မ​ပြု​နှင့်'' ဟု​မိန့်​တော်​မူ​၏။]

13ဖာ​ရိ​ရှဲ​တို့​က ``သင်​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​နေ​၏။ သို့​ဖြစ်​၍​သင့်​သက် သေ​ခံ​ချက်​သည်​မ​ခိုင်​လုံ'' ဟု​ဆို​ကြ​၏။

Read all of ရှင်ယောဟန်ခရစ်ဝင် 8

Cross References

Job 33:28သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။

Psalms 49:19သေ​ချိန်​၌​ဘိုး​ဘေး​တို့​ရှိ​ရာ​ထာ​ဝ​စဉ်​မှောင် မိုက်​လျက် နေ​သည့်​အ​ရပ်​သို့​သွား​ရ​မည်။

Isaiah 9:2အ​မှောင်​တွင်​သွား​လာ​နေ​သူ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို​မြင်​ရကြ​၏။ သူ​တို့​သည်​သေ​မင်း​၏​အ​ရိပ်​လွှမ်း​မိုး​ရာ​ပြည်​တွင် နေ​ထိုင်​ခဲ့​ရ​သော်​လည်း၊ ယ​ခု​အ​ခါ​သူ​တို့​အပေါ်​သို့​အ​လင်း​ရောင် ကျ​ရောက်​လာ​လေ​ပြီ။

Isaiah 49:6ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

Isaiah 60:1အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။

Malachi 4:2ငါ​၏​စ​ကား​တော်​ကို​ရို​သေ​သူ​သင်​တို့ အ​ဖို့​မှာ​မူ​ကား ငါ​၏​ကယ်​တင်​ခြင်း​တန် ခိုး​သည်​နေ​မင်း​သ​ဖွယ် သူ​တို့​အ​ပေါ်​၌ ထွန်း​လင်း​လျက်​နေ​ရောင်​ခြည်​သ​ဖွယ် သင် တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​လိမ့်​မည်။ သင်​တို့​သည်​တင်း​ကုပ်​မှ​လွှတ် ထုတ်​လိုက်​သည့်​နွား​ငယ်​များ​ကဲ့​သို့​လွတ် လပ်​ပျော်​ရွှင်​စွာ​ခုန်​ပေါက်​လျက်​နေ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယောဟန်ခရစ်ဝင် 8:12

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်ယောဟန်ခရစ်ဝင် 8:11ရှင်ယောဟန်ခရစ်ဝင် 8ရှင်ယောဟန်ခရစ်ဝင် 8:13 →