ရှင်ယောဟန်ခရစ်ဝင် 8:33
ထိုသူတို့က ``အကျွန်ုပ်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါ၏။ အဘယ်အခါကမျှ တစ်ပါးကျွန်မဖြစ်ခဲ့ဘူးပါ။ `သင်တို့လွတ် လပ်လိမ့်မည်' ဟုအဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
Exodus 1:13ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
Judges 2:18ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
Judges 4:3ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။
Nehemiah 5:4အခြားသူတို့က``ငါတို့သည်လယ်ခွန်နှင့် စပျစ်ဥယျာဉ်ခွန်ပေးဆောင်နိုင်ရန်ငွေကို ချေးယူထားကြရပါသည်။-
Nehemiah 9:36ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသော အကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။
Luke 16:24သူဌေးက `အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနား တော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံထဲတွင် ပြင်းစွာဝေဒနာခံနေရပါ၏။ လာဇရုသည် လက်ဖျားကိုရေမှာနှစ်၍အကျွန်ုပ်၏လျှာ ကိုအေးစေမည့်အကြောင်း သူ့အားအကျွန်ုပ် ထံသို့စေလွှတ်တော်မူပါ' ဟုအော်၍လျှောက်၏။