ရှင်ယောဟန်ခရစ်ဝင် 9:5
ငါသည်ဤလောကမှာရှိနေစဉ်လောက ၏အလင်းဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
As long as I am in the world, I am the light of the world.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Isaiah 49:6ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
Malachi 4:2ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
John 3:19အပြစ်စီရင်ခြင်း၏သဘောတရားကား ဤသို့တည်း။ အလင်းတော်သည်ဤလောက သို့ရောက်ရှိလာ၏။ သို့ရာတွင်လူတို့သည် ဆိုးယုတ်သူများဖြစ်သည်အားလျော်စွာ အလင်းတော်ထက်အမှောင်ကိုနှစ်သက် ကြ၏။-
John 12:35သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
Acts 13:47ငါတို့အားထာဝရဘုရားက၊ `ကယ်တင်ခြင်းကျေးဇူးကိုကမ္ဘာတစ်ဝန်းလုံး ရရှိစေရန်သင်တို့အား၊ လူမျိုးခြားများအဖို့အလင်းဖြစ်စေအံ့သောငှာ ငါခန့်ထား၏' ဟူ၍မိန့်တော်မူခဲ့ပေသည်'' ဟုဟောပြောကြ၏။