Jonah 1:17
ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:21သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။-
Jonah 4:6ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။-
Matthew 12:40ယောနသည်ငါးကြီး၏ဝမ်းထဲတွင်သုံးရက်တိုင် တိုင်နေရသကဲ့သို့ လူသားသည်လည်းမြေကြီး ထဲတွင်သုံးရက်နေရလတ္တံ့။-
Luke 11:30နိနေဝေမြို့သားတို့အတွက်ယောနသည် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ဤခေတ်လူတို့ အတွက်လူသားသည်လည်းနိမိတ်လက္ခဏာ ဖြစ်ပေအံ့။-