ယောရှုမှတ်စာ 10:14
ထာဝရဘုရားသည်လူသားတစ်ယောက် ၏စကားကိုထိုနေ့၌နားထောင်ခဲ့တော် မူ၏။ ယင်းသို့တစ်ခါမျှမဖြစ်စဖူး၊ နောင် အခါ၌လည်းဖြစ်လိမ့်မည်မဟုတ်။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ဘက်မှစစ်ကူ၍တိုက်ခိုက်တော်မူပါသည် တကား။
Common Language Bible
In The King James Version
In Context
15ထိုနောက်ယောရှုနှင့်ဣသရေလတပ်သားတို့ သည် ဂိလဂါလစခန်းသို့ပြန်လာကြလေ သည်။
Cross References
Exodus 14:14ထာဝရဘုရားသည်သင်တို့အတွက်စစ် တိုက်တော်မူလိမ့်မည်။ စိတ်မပူကြနှင့်'' ဟု ပြန်ပြောလေ၏။
Deuteronomy 1:30သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
Joshua 23:3သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အကျိုးအတွက်ဤနိုင်ငံ အပေါင်းတို့ကိုမည်ကဲ့သို့နှိမ်နင်းတော် မူခဲ့ကြောင်းသင်တို့တွေ့မြင်ရကြပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ဘက်မှစစ်ကူတိုက်တော်မူ ခဲ့၏။-
Isaiah 38:8ထာဝရဘုရားသည်အာခပ်မင်းစိုက်ထူ ထားသည့်နေနာရီတွင် အရိပ်ကိုနောက်သို့ ဆယ်ဒီဂရီဆုတ်စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက်ထား၏။ ဆိုသည့်အတိုင်း အရိပ်သည်ဆယ်ဒီဂရီဆုတ်လေ၏။
Zechariah 14:3ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-
Mark 11:22သခင်ယေရှုက ``ဘုရားသခင်အားယုံကြည် ကိုးစားကြလော့။-