ယောရှုမှတ်စာ 12:6
ဤမင်းများကိုမောရှေနှင့်ဣသရေလ အမျိုးသားတို့နှိမ်နင်းခဲ့လေသည်။ ထာဝရ ဘုရား၏အစေခံမောရှေသည်ထိုမင်းတို့ ၏နယ်မြေများကိုရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား အပိုင်ပေးခဲ့လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 32:29``ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့သည် ထာဝရဘုရား၏အမိန့်တော်အရယော်ဒန် မြစ်ကိုဖြတ်ကူး၍ စစ်ချီတိုက်ခိုက်လျှင်လည်း ကောင်း၊ သင်တို့သည်သူတို့၏အကူအညီ ဖြင့်ထိုပြည်ကိုတိုက်ခိုက်အောင်မြင်လျှင် လည်းကောင်း ဂိလဒ်ပြည်ကိုသူတို့အား အပိုင်ပေးလော့။-
Numbers 32:33ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။-
Joshua 13:8ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။-
Joshua 18:7လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ယဇ်ပုရောဟိတ်များအဖြစ်အမှုတော် ထမ်းဆောင်ရကြမည်ဖြစ်သောကြောင့် သင် တို့ကဲ့သို့နယ်မြေဝေစုရမည်မဟုတ်။ ဂဒ် အနွယ်၊ ရုဗင်အနွယ်နှင့်အရှေ့မနာရှေ အနွယ်တို့သည် ထာဝရဘုရား၏အစေ ခံမောရှေခွဲဝေပေးခဲ့သည့်အတိုင်း ယော်ဒန် မြစ်အရှေ့ဘက်ရှိနယ်မြေကိုရရှိကြပြီ'' ဟုဆိုလေ၏။
1 Kings 4:19ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။