ယောရှုမှတ်စာ 17:16
ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Joshua 17:18တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။
Judges 4:13သူသည်သံရထားကိုးရာနှင့်မိမိ၏လူ အပေါင်းတို့ကိုစုရုံးစေပြီးလျှင် လူမျိုး ခြားတို့နေရာဟာရောရှက်မြို့မှကိရှုန် မြစ်သို့စေလွှတ်လိုက်လေသည်။
1 Samuel 29:1ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့၏စစ် သည်အပေါင်းတို့ကို အာဖက်မြို့တွင်စုဝေး စေကြ၏။ ဣသရေလအမျိုးသားတို့က ယေဇရေလချိုင့်ဝှမ်းရှိစမ်းချောင်းအနီး တွင်စခန်းချကြ၏။-
1 Kings 18:45အချိန်အနည်းငယ်အတွင်း၌ပင်ကောင်းကင် ပြင်တွင် တိမ်မည်းများအုပ်ဆိုင်းလာပြီးလျှင် လေတိုက်လျက်မိုးသည်းထန်စွာရွာသွန်းလေ၏။ အာဟပ်သည်လည်းရထားပေါ်သို့တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွား၏။-