2 ဓမ္မရာဇဝင်တတိယစောင် 18:45
အချိန်အနည်းငယ်အတွင်း၌ပင်ကောင်းကင် ပြင်တွင် တိမ်မည်းများအုပ်ဆိုင်းလာပြီးလျှင် လေတိုက်လျက်မိုးသည်းထန်စွာရွာသွန်းလေ၏။ အာဟပ်သည်လည်းရထားပေါ်သို့တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွား၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
Joshua 17:16ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
2 Samuel 2:9သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
1 Kings 18:39ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
1 Kings 21:23ယေဇဗေလနှင့်ပတ်သက်၍ထာဝရဘုရား က`ယေဇရေလမြို့တွင်ထိုအမျိုးသမီး၏ အလောင်းသည်ခွေးစာဖြစ်လိမ့်မည်။ သူ၏ ဆွေမျိုးမှန်သမျှတို့သည်လည်းမြို့တွင်း ၌သေလျှင်ခွေးစာ၊-
Job 37:13ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။