ယောရှုမှတ်စာ 2:15
ရာခပ်သည်မြို့ရိုးနှင့်ကပ်၍ဆောက်ထားသော အိမ်တွင်နေထိုင်သဖြင့် သူတို့ကိုပြူတင်းပေါက် မှကြိုးဖြင့်မြို့ပြင်သို့လျှောချလိုက်လေသည်။ ရာခပ်က ``မင်းကြီးစေလွှတ်လိုက်သူများသင် တို့ကိုရှာ၍မတွေ့စေရန် တောင်ပေါ်သို့ပြေး၍သုံးရက်ပုန်းအောင်းနေကြလော့။-
Common Language Bible
In The King James Version
In Context
16သင်တို့ကိုလိုက်ရှာသောသူများပြန်လာမှ သင်တို့ခရီးဆက်သွားကြပါ'' ဟုမှာလိုက်လေသည်။
Cross References
Joshua 6:20ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။-
Acts 9:25သို့ရာတွင်ရှောလု၏တပည့်တို့သည်ညဥ့်အခါ သူ့ကိုတောင်းတွင်ထည့်၍မြို့ရိုးမှအောက်သို့ လျှောချကြ၏။