The Bible Software
bible.software › ယောရှုမှတ်စာ › ယောရှုမှတ်စာ 21 › ယောရှုမှတ်စာ 21:43

ယောရှုမှတ်စာ 21:43

ဤ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား​တော်​မူ​သော​ပြည်​တစ်​ပြည်​လုံး​ကို သူ​တို့​အား​ပေး​တော်​မူ​၏။ သူ​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ​လေ သည်။-

Common Language Bible

In The King James Version

And the LORD gave unto Israel all the land which he sware to give unto their fathers; and they possessed it, and dwelt therein.

In Context

44ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​တစ်​ပြည်​လုံး တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ​ရှိ​သ​မျှ​တို့​ကို​တိုက်​ခိုက်​အောင်​မြင် စေ​တော်​မူ​၏။ မည်​သည့်​ရန်​သူ​က​မျှ​သူ​တို့ ကို​မ​ခု​ခံ​နိုင်။-

Read all of ယောရှုမှတ်စာ 21

Cross References

Genesis 12:7ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ဤ​တိုင်း​ပြည်​ကို​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ အာ​ဗြံ​သည်​သူ့​အား​ကိုယ်​ထင်​ပြ​သော​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။-

Genesis 15:13ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား ``သင်​၏​အ​မျိုး အ​နွယ်​တို့​သည် သူ​တစ်​ပါး​၏​နိုင်​ငံ​၌​သူ​စိမ်း တစ်​ရံ​ဆံ​အ​ဖြစ်​နေ​ထိုင်​ရ​ကြ​မည်။ ထို​အ​ရပ် တွင်​သူ​တို့​သည်​နှစ်​ပေါင်း​လေး​ရာ​ကျွန်​အ​ဖြစ် ဖြင့်​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​မည်။-

Genesis 28:4ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ကောင်း ချီး​ပေး​သည့်​နည်း​တူ သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​တို့​အား​ကောင်း​ချီး​ပေး​ပါ​စေ​သော။ အာ​ဗြ​ဟံ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ သော သင်​ယ​ခု​နေ​ထိုင်​သော​ပြည်​ကို​အ​ပိုင် ရ​ပါ​စေ​သော'' ဟု​ကောင်းချီး​ပေး​၍​မှာ​ကြား လေ​၏။-

Exodus 3:8အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-

Numbers 34:2``သင်​တို့​သည်​ငါ​ပေး​မည့်​ခါ​နာန်​ပြည်​သို့ ဝင်​ရောက်​ကြ​သော​အ​ခါ သင်​တို့​ပိုင်​နက် နယ်​နိ​မိတ်​ကို​ဤ​သို့​သတ်​မှတ်​ရ​မည်။-

Deuteronomy 12:29``သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင်​နေ​ထိုင်​သော လူ​မျိုး​များ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့ သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နေ​ထိုင်​ရ​ကြ​လိမ့် မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယောရှုမှတ်စာ 21:43

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယောရှုမှတ်စာ 21:42ယောရှုမှတ်စာ 21ယောရှုမှတ်စာ 21:44 →