ယောရှုမှတ်စာ 21:44
ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:31ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
Deuteronomy 7:22ကိုယ်တော်သည်သင်တို့ချီတက်နေစဉ် ထိုလူ မျိုးများကိုတဖြည်းဖြည်းနှင်ထုတ်တော်မူ လိမ့်မည်။ သင်တို့သည်သူတို့အားလုံးကို ချက်ချင်းမပယ်ရှင်းနှင့်။ ချက်ချင်းပယ်ရှင်း လျှင် သားရဲတိရစ္ဆာန်တို့သည်များပြားလာ၍ သင်တို့ကိုအန္တရာယ်ပြုလိမ့်မည်။-
Joshua 1:5ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
Joshua 1:15သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
Joshua 11:8ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။-
Joshua 11:23ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။