ယောရှုမှတ်စာ 22:25
ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် များဖြစ်ကြသောသင်တို့နှင့်ငါတို့ကို ယော်ဒန်မြစ်အားဖြင့် ခွဲခြားထားတော်မူ သည်။ သင်တို့သည်ထာဝရဘုရားနှင့်မည် သို့မျှမသက်ဆိုင်' ဟုဆိုသဖြင့်သင်တို့ ၏အဆက်အနွယ်တို့သည် ငါတို့၏အဆက် အနွယ်တို့အားထာဝရဘုရားကိုမကိုး ကွယ်ဘဲနေရန်တားမြစ်မည်ကိုစိုးရိမ်သော ကြောင့်ယဇ်ပလ္လင်ကိုတည်ရခြင်းဖြစ်ပါသည်။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 26:19အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
1 Kings 12:16မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
1 Kings 14:16ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
Ezra 4:2သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။
Psalms 16:5အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။