ယောရှုမှတ်စာ 4:13
သူတို့သည်လူအင်အားလေးသောင်းခန့်ရှိ၍ တိုက်ပွဲဝင်ရန် ထာဝရဘုရား၏ရှေ့တော်၌ မြစ်ကိုဖြတ်လျက် ယေရိခေါမြို့အနီးရှိ လွင်ပြင်သို့ချီတက်ကြလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Judges 20:1မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-
Jeremiah 39:5သို့ရာတွင်ဗာဗုလုန်တပ်မတော်သည် သူ တို့အားလိုက်လံဖမ်းဆီးရာယေရိခေါ လွင်ပြင်အနီးတွင်ဇေဒကိကိုရမိကြ၏။ ထိုနောက်သူ့ကိုဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့ သို့ခေါ်ဆောင်သွားကြ၏။ ထိုမြို့တွင်နေဗု ခဒ်နေဇာသည်ဇေဒကိအပေါ်၌စီရင် ချက်ချတော်မူ၏။-
Ephesians 6:11မာရ်နတ်၏ပရိယာယ်များကိုခုခံကာကွယ်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကိုဝတ်ဆင်ကြလော့။-