ယောရှုမှတ်စာ 9:22
ယောရှုသည်ဂိဗောင်မြို့သားတို့ကိုဆင့်ခေါ် ၍``သင်တို့သည်ငါတို့အနီးတွင်နေထိုင်ပါ လျက်နှင့် ဝေးသောအရပ်မှလာသည်ဟု အဘယ်ကြောင့်ငါတို့ကိုလှည့်စားပြောဆို ကြပါသနည်း။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 3:13ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
Genesis 27:41ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
Joshua 9:6ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။
Joshua 9:16ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုပြီးနောက်သုံးရက်ကြာ သောအခါထိုသူတို့သည် မိမိတို့အနီး အနားတွင်နေထိုင်သူများဖြစ်ကြောင်း ကြားသိရလေသည်။-