ရှင်ယုဒဩဝါဒစာ 1:3
ချစ်ဆွေတို့၊ ငါတို့အားလုံးယုံကြည်လက်ခံ ကြသည့်ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်တို့ထံစာရေးရန်ကြိုးစားခဲ့၏။ သို့ရာ တွင်ကိုယ်တော်၏လူစုအား ဘုရားသခင် အပြီးအပိုင်ပေးအပ်တော်မူသည့်ယုံကြည် ခြင်းကိုကြံ့ကြံ့ခံကာကွယ်ကြရန် သင်တို့ ထံချက်ချင်းပင်စာရေး၍အားပေးတိုက် တွန်းရန်လိုအပ်လာ၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 9:10ထိုနောက်ထာဝရဘုရားသည် ကျောက်ပြားနှစ် ချပ်ကိုငါ့အားပေးတော်မူသည်။ ယင်းကျောက် ပြားများသည်သင်တို့တောင်ခြေတွင်စုရုံး ကြသောနေ့၌ ထာဝရဘုရားမီးထဲမှမိန့် ကြားသောပညတ်တော်များကို မိမိလက်တော် ဖြင့်အက္ခရာတင်ထားသည့်ကျောက်ပြားများ ဖြစ်သည်။-
Nehemiah 13:25သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။-
Isaiah 45:22``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။ တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။
Acts 4:12ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
Acts 9:22သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။
Acts 17:3မေရှိယသည်ဒုက္ခဝေဒနာခံတော်မူရမည့် အကြောင်းတို့ကို ကျမ်းချက်အထောက်အထား များနှင့်တကွရှင်းလင်းစွာဖွင့်ပြ၏။ ပေါလု က ``ငါသင်တို့အားပြောပြနေသောသခင် ယေရှုကားမေရှိယပင်ဖြစ်၏'' ဟုဆို၏။-