တရားသူကြီးမှတ်စာ 11:21
သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 11
Cross References
Numbers 21:24သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။-
2 Chronicles 13:5ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
Amos 2:9``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။-