တရားသူကြီးမှတ်စာ 11:25
သင်သည်မိမိကိုယ်ကိုမောဘဘုရင်၊ ဇိဖော် ၏သားဗာလက်ထက်ပိုမိုကြီးမြတ်သည်ဟု ထင်မှတ်ပါသလော။ သူသည်ဣသရေလ လူမျိုးကိုရန်ပြု၍တိုက်ခိုက်ဖူးပါသ လော။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 11
Cross References
Deuteronomy 23:3``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။-
Micah 6:5ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။