တရားသူကြီးမှတ်စာ 11:26
ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 11
Cross References
Deuteronomy 2:24``ထာဝရဘုရားက`ယခုခရီးစထွက်၍ အာနုန်မြစ်ကိုကူးကြလော့။ ငါသည်ဟေရှ ဘုန်ဘုရင်အာမောရိအမျိုးသားရှိဟုန်နှင့် တကွ သူ၏တိုင်းပြည်ကိုသင်တို့၏လက်သို့ အပ်မည်။ သူ၏နယ်မြေကိုသိမ်းပိုက်ရန်စတင် ချီတက်တိုက်ခိုက်လော့။-
Deuteronomy 3:2သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။''
Joshua 12:5သူ၏နိုင်ငံတွင်ဟေရမုန်တောင်၊ သာလက ပြည်၊ ဂေရှုရိပြည်နှင့်မာခါပြည်နယ်စပ် အထိကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည် လုံးသည်လည်းကောင်း၊ ဟေရှဘုန်မင်းရှိဟုန် ပိုင်သောပြည်နယ်နိမိတ်အထိကျယ်ပြန့် သည့်ဂိလဒ်ပြည်တစ်ဝက်သည်လည်းကောင်း ပါဝင်သည်။-
Joshua 13:16သူတို့၏နယ်မြေသည်(အာနုန်မြစ်ဝှမ်းပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်းအထက်ရှိမြို့များ အထိကျယ်ပြန့်၍ မေဒဘမြို့ပတ်လည်ရှိ ကုန်းပြင်မြင့်တစ်ခုလုံးပါဝင်သည်။-
Joshua 23:1ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-