တရားသူကြီးမှတ်စာ 15:19
ထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။-
Common Language Bible
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 15
Cross References
Genesis 16:13ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
Genesis 30:30ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။
Exodus 17:15မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
Judges 15:9ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-
Psalms 34:6ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါ ကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
Psalms 110:7မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။