Psalms 110:7
မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။
Common Language Bible
In The King James Version
He shall drink of the brook in the way: therefore shall he lift up the head.
In Context
Cross References
Judges 15:19ထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။-
Psalms 3:3သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
Psalms 102:9ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
Jeremiah 23:15သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည် ယေရုရှလင်မြို့မှပရောဖက်များနှင့် ပတ်သက်၍မိန့်တော်မူသည်မှာ``သူတို့အား ဒေါနပင်များကိုငါကျွေးမည်။ အဆိပ်ပါသောရေကိုလည်းသောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ပြည်တော် တစ်ဝှမ်းလုံးတွင်၊ ဘုရားမဲ့တရားမဲ့သောအမှုများကိုပျံ့နှံ့စေ ကြသောကြောင့်ဖြစ်၏'' ဟူ၍ဖြစ်ပါ၏။
Matthew 20:22သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
Luke 24:26မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။-