The Bible Software
bible.software › တရားသူကြီးမှတ်စာ › တရားသူကြီးမှတ်စာ 2 › တရားသူကြီးမှတ်စာ 2:17

တရားသူကြီးမှတ်စာ 2:17

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မူ ထို​ခေါင်း​ဆောင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား သစ္စာ​ဖောက်​၍​အ​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​တို့​ကို​ဘိုး​ဘေး​များ​စောင့်​ထိန်း ခဲ့​ကြ​သ​ကဲ့​သို့​မ​စောင့်​ထိန်း​ကြ​တော့​ပေ။-

Common Language Bible

In The King James Version

And yet they would not hearken unto their judges, but they went a whoring after other gods, and bowed themselves unto them: they turned quickly out of the way which their fathers walked in, obeying the commandments of the LORD; but they did not so.

In Context

16ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။-

18ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-

Read all of တရားသူကြီးမှတ်စာ 2

Cross References

Exodus 34:15သင်​တို့​သည်​ထို​ပြည်​သား​တို့​နှင့်​မ​ဟာ​မိတ် မ​ဖွဲ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်၊ သူ​တို့​သည် သူ​တို့​၏​ဘု​ရား​များ​အား​ရှိ​ခိုး​ပူ​ဇော်​သော အ​ခါ သင်​တို့​ဖိတ်​ခေါ်​သ​ဖြင့်၊ သူ​တို့​၏​ဘု​ရား များ​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​ကို​သင် တို့​စား​မိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

Deuteronomy 9:12``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`အီ​ဂျစ် ပြည်​မှ​သင်​ထုတ်​ဆောင်​ခဲ့​သော​သင်​၏​လူ​တို့ သည် စက်​ဆုတ်​ဖွယ်​သော​အ​မှု​ကို​ပြု​ကြ​ပြီ ဖြစ်​သော​ကြောင့် တောင်​ပေါ်​မှ​ချက်​ချင်း​ဆင်း သွား​လော့။ သူ​တို့​သည်​ငါ​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ပစ်​ပယ်​၍ သူ​တို့​ကိုး​ကွယ်​ရန်​ရုပ်တု​ကို သွန်း​လုပ်​ကြ​ပြီ' ဟု​မိန့်​တော်​မူ​၏။''

Deuteronomy 31:16ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-

Joshua 24:24ထို​အ​ခါ​လူ​တို့​က​ယော​ရှု​အား``အ​ကျွန်ုပ်​တို့ သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ ကိုယ်​တော်​၏ စကား​တော်​ကို​နား​ထောင်​ပါ​မည်'' ဟု​က​တိ ပေး​ကြ​၏။

Judges 2:7ယော​ရှု​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ ပတ်​လုံး​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​၏။ ယော​ရှု ကွယ်​လွန်​ပြီး​သည့်​နောက်​၌​ပင်​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​သူ​ခေါင်း ဆောင်​များ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး လူ​တို့​သည်​ဆက်​လက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​သေး​၏။-

1 Samuel 8:5``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားသူကြီးမှတ်စာ 2:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားသူကြီးမှတ်စာ 2:16တရားသူကြီးမှတ်စာ 2တရားသူကြီးမှတ်စာ 2:18 →