ယေရမိမြည်တမ်းစကား 1:2
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Job 6:15ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
Job 19:13ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
Psalms 31:11ရန်သူအပေါင်းတို့သည်ကျွန်တော်မျိုးအား ပြောင်လှောင်ကြပါ၏။ အထူးသဖြင့်အိမ်နီးချင်းများကမထီမဲ့ မြင် ပြုကြပါ၏။ အသိမိတ်ဆွေများသည်ကျွန်တော်မျိုးကို ကြောက်ကြပါ၏။ လမ်းတွင်ကျွန်တော်မျိုးကိုတွေ့မြင်သောအခါ ထွက်ပြေးကြပါ၏။
Psalms 77:2ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။ တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
Isaiah 51:18သင့်ကိုလမ်းပြခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သင့်အမျိုးသားများထဲမှသင့်ကိုလက်ဆွဲ ခေါ်ယူပေးမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
Jeremiah 4:30အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။