The Bible Software
bible.software › ယေရမိမြည်တမ်းစကား › ယေရမိမြည်တမ်းစကား 2 › ယေရမိမြည်တမ်းစကား 2:20

ယေရမိမြည်တမ်းစကား 2:20

အို ထာ​ဝ​ရ​ဘု​ရား​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ဘယ်​ကြောင့်​ဤ​မျှ​ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​ချစ်​မြတ်​နိုး​သည့် သား​သ​မီး​များ​၏​အ​သား​ကို​စား​နေ​ကြ​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​များ​သည်​လည်း ဗိ​မာန်​တော်​အ​တွင်း​၌​ပင် အ​သတ်​ခံ​လျက်​နေ​ရ​ကြ​ပါ​၏။

Common Language Bible

In The King James Version

Behold, O LORD, and consider to whom thou hast done this. Shall the women eat their fruit, and children of a span long? shall the priest and the prophet be slain in the sanctuary of the Lord?

In Context

19တစ်​ည​လုံး​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ထ​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​သင်​၏​စိတ်​နှ​လုံး​ကို သွန်​ချ​လျက်၊ သင်​၏​သား​သ​မီး​များ​အ​တွက် အ​သ​နား​ခံ​တောင်း​ပန်​လော့။ သင့်​သား​သ​မီး​များ​လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင် အ​စာ​ငတ်​၍​သေ​ရ​ကြ​လေ​ပြီ။

21လူ​ကြီး​လူ​ငယ်​တို့​သည်​လမ်း​များ​ပေါ်​တွင် လဲ​၍​သေ​ရ​ကြ​ပါ​၏။ ပျို​ရွယ်​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး​များ​သည် ရန်​သူ​၏​ဋ္ဌား​ဘေး​သင့်​၍​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​မျက်​ထွက်​တော်​မူ​သော​နေ့​၌ သ​နား​ညှာ​တာ​ခြင်း​မ​ရှိ​ဘဲ သူ​တို့​ကို​ကွပ်​မျက်​တော်​မူ​ပါ​၏။

Read all of ယေရမိမြည်တမ်းစကား 2

Cross References

Exodus 32:11သို့​ရာ​တွင်​မော​ရှေ​သည် မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​ပန်​လျှောက်​ထား သည်​မှာ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အီ​ဂျစ်​ပြည်​မှ၊ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ကယ် တင်​ခဲ့​သော​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အ​မျက်​ပြင်း​စွာ​ထွက်​တော်​မူ​မည်​လော။-

Deuteronomy 9:26ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-

2 Kings 6:28သင်​၏​အ​ခက်​အ​ခဲ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ဤ​မိန်း​မ​သည်​ယ​မန်​နေ့​က`သင် ၏​သား​ကို​ငါ​တို့​ယ​နေ့​စား​ကြ​ပြီး​လျှင် နောက် တစ်​နေ့​၌​ငါ​၏​သား​ကို​စား​ကြ​ပါ​မည်' ဟု ကျွန်​တော်​မ​အား​ပြော​ပါ​၏။-

Psalms 78:64ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​သွား​ကြ​ကုန်​၏။ သူ​တို့​၏​မု​ဆိုး​မ​များ​သည်​ငို​ကြွေး​မြည်​တမ်း​ခွင့် မ​ရ​ကြ။

Isaiah 63:16ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​အ​ဖ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး များ​ဖြစ်​သော​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​ပင် လျှင် ကျွန်​တော်​မျိုး​တို့​အား​အ​သိ​အ​မှတ်​မ ပြု​နိုင်​ကြ​ပါ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​တော်​မျိုး​တို့​၏​အ​ဖ​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​ရှေး​ကာ​လ ထဲ​က အ​စဉ်​အ​မြဲ​ကယ်​ဆယ်​တော်​မူ​ခဲ့ သူ​မှာ​ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။-

Jeremiah 5:31ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိမြည်တမ်းစကား 2:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိမြည်တမ်းစကား 2:19ယေရမိမြည်တမ်းစကား 2ယေရမိမြည်တမ်းစကား 2:21 →