ယေရမိမြည်တမ်းစကား 3:39
ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
Common Language Bible
In The King James Version
Wherefore doth a living man complain, a man for the punishment of his sins?
In Context
38အကောင်းနှင့်အဆိုးသည်ကိုယ်တော်၏ အမိန့်တော်အရဖြစ်ပျက်ရပါ၏။
40ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။
Read all of ယေရမိမြည်တမ်းစကား 3
Cross References
Genesis 4:13ထိုအခါကာဣနက``ကိုယ်တော်ပေးသော အပြစ်ဒဏ်သည် ပြင်းထန်လွန်းလှပါ၏။-
Leviticus 26:43သို့ရာတွင်ပထမဦးစွာတိုင်းပြည်သည်အနား ရစေရန် ပြည်သူတို့ကိုဖယ်ရှားရမည်။ ငါ၏ ပညတ်တော်များနှင့်အမိန့်တော်များကိုပစ် ပယ်သည့်အတွက် ပြည်သူတို့သည်အပြစ်ဒဏ် ခံရမည်။-
Numbers 16:41နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။-
Joshua 7:6ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
2 Kings 3:13ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
2 Kings 6:33သူပြောသောစကားမဆုံးမီပင်မင်းကြီး သည်ရောက်ရှိလာလျက်``ဤဘေးဒုက္ခနှင့်ငါ တို့အားတွေ့ကြုံစေသူမှာ ထာဝရဘုရားပင် ဖြစ်ပါသည်တကား။ ငါသည်ကိုယ်တော်ကူမ တော်မူမည်ကို အဘယ်ကြောင့်ဆက်လက်စောင့် မျှော်နေရပါမည်နည်း'' ဟုဆို၏။