ယေရမိမြည်တမ်းစကား 3:7
ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။
Common Language Bible
In The King James Version
He hath hedged me about, that I cannot get out: he hath made my chain heavy.
In Context
6ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
8ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်း ဘုရားသခင်သည်နားထောင်တော်မမူ။
Read all of ယေရမိမြည်တမ်းစကား 3
Cross References
Job 3:23မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။
Psalms 88:8ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။ ထိုသူတို့၏ရှေ့တွင်ကျွန်တော်မျိုးအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးသည်ပိတ်မိနေသဖြင့် မလွတ်မြောက်နိုင်တော့ပါ။
Jeremiah 38:6ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။-
Lamentations 1:14``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
Lamentations 5:5ကျွန်တော်မျိုးတို့သည်မြည်းများ၊ ကုလားအုတ် များကဲ့သို့ နောက်မှအပြင်းမောင်းနှင်ခြင်းခံနေရကြပါ၏။ မောပန်းပါသော်လည်းနားနေခွင့်မရကြပါ။
Hosea 2:6သို့ဖြစ်၍ငါသည်သူမထွက်နိုင်ရန်ဆူး စည်းရိုးခတ်၍ လမ်းရှာမတွေ့နိုင်ရန်တံ တိုင်းဖြင့်ကာရံထားမည်။-