ယေရမိမြည်တမ်းစကား 4:2
ဇိအုန်မြို့သားလူငယ်လူရွယ်တို့သည်ငါတို့ အဖို့ ရွှေကဲ့သို့အဖိုးထိုက်ခဲ့သော်လည်း ယခုအခါ၌မူမြေအိုးများကဲ့သို့ မှတ်ယူခြင်းကိုခံရကြလေပြီ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 4
Cross References
Isaiah 30:14အိုးခြမ်းကွဲဖြင့်မီးခဲများကိုကောက်ယူရန် သော်လည်းကောင်း၊ စည်တွင်နှစ်၍ရေကိုခပ်ယူ ရန်သော်လည်းကောင်း၊ မဖြစ်နိုင်အောင်အစိတ် စိတ်အမြွှာမြွှာကွဲသွားသောမြေအိုးနှင့်တူ ကြလိမ့်မည်။
Jeremiah 19:11သူတို့အားအနန္တတန်ခိုးရှင်ထာဝရ ဘုရားက``ဤအိုးကိုပြန်၍ဆက်စပ်မရ နိုင်အောင်ခွဲလိုက်သကဲ့သို့ ငါသည်ဤလူ များနှင့်ဤမြို့ကိုငါခွဲတော်မူမည်။ တော ဖက်မြို့တွင်မြေမြှုပ်စရာနေရာမရှိသည့် တိုင်အောင်လူတို့သည်ထိုသူတို့၏အလောင်း များကိုသင်္ဂြိုဟ်ရကြလိမ့်မည်။-
Lamentations 2:21လူကြီးလူငယ်တို့သည်လမ်းများပေါ်တွင် လဲ၍သေရကြပါ၏။ ပျိုရွယ်သူအမျိုးသားအမျိုးသမီးများသည် ရန်သူ၏ဋ္ဌားဘေးသင့်၍သေရကြပါ၏။ ကိုယ်တော်ရှင်သည်အမျက်ထွက်တော်မူသောနေ့၌ သနားညှာတာခြင်းမရှိဘဲ သူတို့ကိုကွပ်မျက်တော်မူပါ၏။
Hosea 8:8ဣသရေလနိုင်ငံသည်အခြားနိုင်ငံများ နှင့်မထူးခြားပေ။ အသုံးမကျသော အိုးကွဲနှင့်တူ၏။-
Romans 9:21အိုးထိန်းသည်၌ရွှံ့စေးကိုမိမိအလိုဆန္ဒ အတိုင်းပြုလုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ သူသည်ရွှံ့တုံးတစ်ခုတည်းမှအိုးကောင်း အိုးညံ့ကိုပြုလုပ်ပိုင်သည်မဟုတ်လော။
2 Timothy 2:20မည်သည့်အိမ်ကြီး၌မဆိုရွှေ၊ ငွေအသုံး အဆောင်များသာလျှင်ရှိသည်မဟုတ်။ သစ် သားနှင့်ရွှံ့မြေဖြင့်လုပ်သောအသုံးအဆောင် များလည်းရှိပေသည်။ အချို့ကိုအခါကြီး ရက်ကြီးများ၌အသုံးပြု၍အချို့ကို နေ့တိုင်းအသုံးပြုသည်။-