ယေရမိမြည်တမ်းစကား 4:8
ယခုအခါသူတို့၏အရုပ်အဆင်းသည် မည်းနက်လျက် မျိုးမည်မပေါ်ဘဲလမ်းများပေါ်တွင်လဲ၍ သေနေရကြ၏။ သူတို့အသားအရည်မှာသစ်သားသဖွယ် ခြောက်ကပ်လျက်အရိုးများပေါ်တွင်တွန့်လိမ်၍ နေလေပြီ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 4
Cross References
Job 2:12ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
Job 30:17ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ။
Job 33:21အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
Psalms 38:3ကိုယ်တော်၏အမျက်တော်ကြောင့်ကျွန်တော်မျိုးသည် ဝေဒနာခံလျက်နေရပါ၏။ မိမိ၏အပြစ်များကြောင့်တစ်ကိုယ်လုံး ရောဂါစွဲလျက်နေပါ၏။
Psalms 102:11ကျွန်တော်မျိုး၏ဘဝအသက်တာသည်ည နေချိန်၌ ကျရောက်သည့်အရိပ်ကဲ့သို့ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်မြက်ကဲ့သို့ခြောက်သွေ့ သွားပါ၏။
Isaiah 52:14လူအများပင်သူ့ကိုတွေ့မြင်သောအခါ လိပ်ပြာလန့်၍သွားကြ၏။ သူသည်လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်၍နေ သဖြင့် လူနှင့်ပင်မတူတော့။