ဝတ်ပြုရာကျမ်း 1:3
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 22:2ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
Genesis 22:13ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။-
Exodus 24:5ထိုနောက်သူသည်ဣသရေလအမျိုးသားလူ ငယ်တို့ကိုခိုင်းစေသဖြင့်၊ သူတို့သည်နွားများ ကိုသတ်၍ထာဝရဘုရားအားမီးရှို့သော ယဇ်၊ မိတ်သဟာယယဇ်ကိုပူဇော်လေ၏။-
Exodus 29:18သိုးတစ်ကောင်လုံးကိုယဇ်ပလ္လင်ထက်တွင်မီးရှို့ ပူဇော်ရမည်။ ဤသို့ပူဇော်ခြင်းသည်ထာဝရ ဘုရားအား ဆက်သသောမီးရှို့ပူဇော်သကာ ဖြစ်၏။ ထာဝရဘုရားသည်ထိုယဇ်မှရနံ့ ကိုနှစ်သက်တော်မူ၏။
Exodus 32:6နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
Exodus 35:21ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။-