The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 32 › ထွက်မြောက်ရာကျမ်း 32:6

ထွက်မြောက်ရာကျမ်း 32:6

နောက်​နေ့​နံနက်​စော​စော​တွင်​လူ​အ​ပေါင်း​တို့ သည် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ပူ​ဇော်​ကြ​၏။ ထို​သို့​ယဇ်​ပူ​ဇော်​ကြ​ပြီး နောက်၊ သူ​တို့​သည် စား​သောက်​မူး​ယစ်​ကြ​ပြီး လျှင်၊ အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​အ​ပျော် ကူး​ကြ​ကုန်​၏။

Common Language Bible

In The King James Version

And they rose up early on the morrow, and offered burnt offerings, and brought peace offerings; and the people sat down to eat and to drink, and rose up to play.

In Context

5ထို​နောက်​အာ​ရုန်​သည်​ရွှေ​နွား​ရုပ်​ရှေ့​မှာ ပလ္လင် ကို​တည်​၍``နက်​ဖြန်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပွဲ​ခံ​ရ​ကြ​မည်'' ဟု​ကြေ​ညာ​၏။-

7ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``တောင်​အောက် သို့​အ​မြန်​ဆင်း​လော့။ အီ​ဂျစ်​ပြည်​မှ​သင်​ထုတ် ဆောင်​ခဲ့​သော​သင်​၏​လူ​တို့​သည်​ငါ့​ကို​စွန့်​ပယ် ကြ​ပြီ။-

Read all of ထွက်မြောက်ရာကျမ်း 32

Cross References

Exodus 24:4မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ပညတ်​သ​မျှ​တို့ ကို​ရေး​ထား​လေ​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်​မော​ရှေ​သည်​တောင်​ခြေ​ရင်း​၌​ယဇ်​ပလ္လင်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​အ​တွက် ကျောက်​တိုင်​တစ်​ဆယ့်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။-

Numbers 25:2ထို​အ​မျိုး​သ​မီး​တို့​က မော​ဘ​ဘုရား​ယဇ်​ပူ​ဇော် ပွဲ​များ​သို့​သူ​တို့​ကို​ခေါ်​သွား​ကြ​၏။ ဣသ​ရေ​လ အ​မျိုး​သား​တို့​သည်​ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ ဘု​ရား​အား ပူ​ဇော်​သော​အ​စား​အ​စာ​ကို​စား ၍​ထို​ဘု​ရား​ကို​ဦး​ချ​ရှိ​ခိုး​ကြ​၏။-

Amos 2:8ဝတ်​ပြု​ရာ​နေ​ရာ​တိုင်း​၌​ဆင်း​ရဲ​သူ​များ ထံ​မှ​အ​ပေါင်​ခံ​ပစ္စည်း​အ​ဖြစ်​နှင့်​ရ​ယူ ထား​သော​အ​ဝတ်​အ​ထည်​များ​ကို​ခင်း ကာ​အိပ်​စက်​ကြ​လေ​ပြီ။ သူ​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင် ကြွေး​တင်​နေ​သူ​များ​ထံ​မှ​လျော်​ကြေး အ​ဖြစ်​ရ​ယူ​လာ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​လေ​ပြီ။

Acts 7:41ထို​နောက်​သူ​တို့​သည်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​၍ မိ​မိ​တို့​လက်​နှင့်​လုပ်​သော​ထို​ရုပ်​တု အား​ယဇ်​ပူ​ဇော်​ကာ​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

Revelation 11:10ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 32:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 32:5ထွက်မြောက်ရာကျမ်း 32ထွက်မြောက်ရာကျမ်း 32:7 →